ကျိုက်ထီးရိုးစေတီတော်


စေတီတော်တည်ထားပုံ

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ 

စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။

သမိုင်း

မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿ     ဓမ္မသီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿ     ကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿ     ဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

ယနေ့ခေတ်အမြင်

ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၌ စတင်ဖွင့်လှစ်လေ့ရှိသည်။ ထုိ့နောက် မိုးမကျမီ ကဆုန်၊ နယုန်လခန့်အထိ ပွဲတော်ရက်အဖြစ် သတ်မှတ်လေ့ရှိ၏။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ ဘုရားဖူးများသည် နားနားနေနေ တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပါသည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။


ကိုးကား - ဦးစိုးရှိန် (မောင်စိုးထိုက် - သုံးဆယ်) စာပေဆုနှင့် လူမှုထူးချွန်ဆုရ၏

“ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် ဆံတော်ရှင် ကျို က်ထီးရိုးစေတီတော်” စာအုပ်မှ

အချက်အလက်များကို ကောက်နှုတ်တင်ပြထားပါသည်။


ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်

သိပ္ပံနည်းပညာ ရှုထောင့်မှ ရှင်းပြနိုင်ခြင်းမရှိသည့် သုတေသန အချက်အလက်များ

(က) တိုင်းတာတွေ့ ရှိချက်

(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား - ဂရက်နိုက် (Granite)

(၂) တစ်ယူနစ်အလေးချိန် (Unit Weight) - 2.5 Ton/m3 (156 pcf)

(၃) ထုထည် - 244.58m3 (8636 cft)

(၄) အလေးချိန် - 611.45 Ton

(၅) အလေးချိန်ဗဟိုချက် (Centroid) - 0.14m, 0.13m, 4.00m

(၆) နေရာ (x, y, z) - 5.5”, 5.1”, 13'1.5”

(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriodကို Origin အဖြစ်ယူထားသည်။)

(၇) အမြင့် - 8.15m ( 26'-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)

(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ - 0.714m3 (7.69 sp.ft)

(၉) အောက်ခံကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ၏ ချောက်ဘက်ရှိ

လည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို့ 


စွန်းထွက်နေသော အများဆုံးအကွာအဝေး - 3.136m ( 10'-3” )


(ခ) သုံးသပ်ချက်များ

(၁) ကျောက်လုံးတော်ကြီး တည်ငြိမ်နေခြင်းမှာ ကျောက်လုံးတော်ကြီးနှင့် စေတီတော်


၏ နှစ်ရပ်ပေါင်း အလေးချိန် ဗဟိုချက်သည် အောက်ခြေရှိ ထိစပ်နေသော ဧရိယာ


(Contact Area) အတွင်းကျ ရောက်နေပြီး လည်ပတ်ဝင်ရိုး (Axis of Rotation)


၏အတွင်းဘက်တွင်လည်း ကျရောက်နေခြင်းကြောင့်ဖြစ်သည်။ အဆိုပါဝင်ရိုး၏


အပြင်ဘက် (ချောက်ဘက်)တွင်ကျရောက်နေပါက တည်ငြိမ်နိုင်မည် မဟုတ်ပေ။


(၂) ထိစပ်နေသောဧရိယာ (Contact Area) သည် ကျော်လုံးတော်ကြီး အပေါ်စီး


ကြည့်ဧရိယာ (Plan Area)၏ (1.4 %) သာရှိသည်ကို တွေ့ ရသည်။


အလွန်သေးငယ်သော ဧရိယာပေါ်တွင် တည်ငြိမ်စွာ တင်နေခြင်း ဖြစ်ပါသည်။


(၃) ဘေးတိုက်အင်အား (Lateral Force) (46.6 ton) ဖြင့် နှစ်ရပ်ပေါင်း


အလေးချိန် ဗဟိုချက် ( Centroid of Rock and Stupa) နေရာတည့်တည့်မှ


ချောက်ဘက်သို့  တွန်းပါက ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှု ပျက်ပြားသွားနိုင်စရာ


ရှိကြောင်း တွေ့ ရှိရပါသည်။ အဆိုပါ အင်အားသည် ကျောက်လုံးတော်ကြီးနှင့်


စေတီတော် နှစ်ရပ်ပေါင်း စုစုပေါင်းအလေးချိန်၏ (7.4%) မျှသာဖြစ်သော်လည်း


လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးတိုက်အင်အားသည်


(6.5 ton) ထက်မပိုကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် လေပြင်းဒဏ်ကို


စိုးရိမ်စရာမရှိဘဲ မကြုံ စဖူး အလွန်ကြီးမားသောငလျှင်နှင့် အောက်ခြေတိုက်စားခြင်း


(Erosion) အောက်ခြေပွန်းပဲ့ခြင်း တို့ ကိုသာ စိုးရိမ်စရာ ရှိပါသည်။


(၄) ကျောက်လုံးတော်ကြီး၏ အလေးချိန်မှာ (611.45 ton) ဖြစ်ပြီး စေတီတော်၏


အလေးချိန်မှာ (19.45 ton) သာဖြစ်သဖြင့် စေတီတော်၏ အလေးချိန်သည်


နှစ်ရပ်ပေါင်း အလေးချိန်၏ (3.1%) သာရှိသည်ကို တွေ့ ရပါသည်။


ထို့ ကြောင့် စေတီတော်၏ အလေးချိန်သည် စံနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို


အနည်းငယ်သာ ထိခိုက်စေနိုင်ပါသည်။


(၅) စေတီတော်၏ အလေးချိန်ဗဟိုချက် (Centroid) သည် ကျောက်လုံးတော်


အောက်ခြေရှိ ထိစပ်နေသော ဧရိယာ (Contact Area)၏ လည်ပတ်ဝင်ရိုး


(Axis of Rotation) အပြင်ဘက် (ချောက်ဘက်)တွင် မသက်ရောက်ဘဲ ဝင်ရိုး၏


အတွင်းဘက်တွင်သာ သက်ရောက်သဖြင့် စေတီတော်ကြီး၏ အလေးချိန်များလာ


ခြင်းသည် ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှုကို Under Gravity Load Condition


တွင် အနှောက်အယှက် မဖြစ်စေကြောင်းတွေ့ ရသည်။ သို့ ရာတွင် နှစ်ရပ်ပေါင်း


အလေးချိန် ဗဟိုချက် ( centroid of Rock and stupa) သည် ကျောက်လုံးတော်ကြီး


တစ်ခုတည်း၏ အလေးချိန် ဗဟိုချက် (Centroid of Rock) ၏အပေါ်ဘက်


( 1'-0.1” ) ခန့် တွင် တည်ရှိသည်ဖြစ်ရာ တည်ငြိမ်မှုကို ပျက်ပြားစေရန် လိုအပ်သော


ဘေးတိုက်အင်အား (Leteral Force) မှာ စေတီတော်ကြီး အပါအဝင် နှစ်ရပ်ပေါင်း


အတွက် အပိုဒ်(၃)တွင် ဖော်ပြထားသကဲ့သို့ (46.6 ton) ဖြစ်သော်လည်း စေတီတော်


ကြီးမပါဘဲ ကျောက်လုံးတော်ကြီး တစ်ခုတည်းအတွက်မူ (47.09 ton) အားဖြစ်သည်


ကိုတွေ့ ရပါသည်။ ထို့ ကြောင့် Under Gravity and Lateral Load Condition တွင်


စေတီတော် အလေးချိန်ပိုလာခြင်းဖြင့် တည်ငြိမ်မှုကို အနည်းငယ်လျှော့စေနိုင်ကြောင်း


တွေ့ ရှိရပါသည်။ သို့ သော် အလွန်နည်းသော မမာဏသာဖြစ်ပါသည်။


(၆) ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် တည်ထားသော အလွန်ထူးခြား


အံ့သြဖွယ် ဖြစ်တည်လျှက်ရှိသည့် ဤမျှကြီးမားသော ကျောက်လုံးတော်ကြီး၏


တည်ငြိမ်နေရခြင်း အကြောင်းရင်းကို ခေတ်မီကရိယာများ အသုံးပြု၍


အင်ဂျင်နီယာ နည်းပညာရှုထောင့်မှ လေ့လာစူးစမ်း တွက်ချက်တင်ပြခြင်းဖြစ်ပါသည်။


ကျောက်လုံးတော်ကြီး တည်ငြိမ်နေရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျကျ


အနီးစပ်ဆုံး ရှင်းလင်းဖော်ပြနိုင်ပြီး ဖြစ်ပါသည်။ သို့သော် အဘယ့်ကြောင့် ဤကဲ့သို့


ထူးဆန်းစွာ ဖြစ်တည်နေသည်ဆိုသည်ကိုမူ ဤလေ့လာချက်မှ ရှင်းပြနိုင်ခြင်း မရှိပါ။


အံ့သြဖွယ်ရာ တစ်ရပ်အဖြစ် အစဉ်အမြဲ တည်ရှိနေမည်သာ ဖြစ်ပါသည်။


(ဂ) စေတီတော်ကြီးအား သုတေသနပြုလုပ်ခဲ့သော ပညာရှင်များအဖွဲ့ 

ပါမောက္ခ ဦးညီလှငယ် (ဒု-ဝန်ကြီး) မှနာယက အဖြစ်ဆောင်ရွက်၍


(၁) ဦးစန်းကြူ (ကထိက) မြို့ ပြအင်ဂျင်နီယာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်


(၂) ဦးစိုးပိုင် (ဦးစီးအရာရှိ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေး


ဦးစီးဌာန၊ ပို့ ဆောင်ရေးဝန်ကြီးဌာန။


(၃) ဦးစောထွေးဇော် - Chief Enginner - Concordia Internatoinal Limited


(၄) ဦးမျိုးညွန့်  - Chief Surveyor - Concordia International Limited


(၅) ဦးမျိုးမင်းမင်းလွင် - Surveyor - Concordia International Limited


(၆) ဦးတင်အောင်စိုး - Enginner - ရန် ကုန်နည်းပညာတက္ကသိုလ်


(၇) ဦးကျော်ကျော်ခိုင် - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်


(၈) ဦးသန်းစိုး - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်


(ဃ) လေ့လာတိုင်းထွာခြင်းကာလ

25 January 2001 မှ 28 January 2001 (၄ ရက်တိုင်းတာခဲ့ပါသည်။)


(င) တိုင်းထွာရာတွင် အသုံးပြုခဲ့သော အထောက်အကူပြု ပစ္စည်းများ

Topcon Pulse Total Station GPE 1002


Topcon Auto Level ATG 3


Computer program - Civil CAD Software (Version 5.5) &


Auto CAD Software (version 2000)