Showing posts with label ကံ့ကော်တောဘုရား (ကျောက်ဖြူ). Show all posts
Showing posts with label ကံ့ကော်တောဘုရား (ကျောက်ဖြူ). Show all posts

ကံ့ကော်တောဘုရား (ကျောက်ဖြူ)

ရှေးနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကျော်ကြားလျက်ရှိခဲ့လေသော၊ ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျက်ရှိသော ရှေးဟောင်း ပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျေးရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်၌ တည်ရှိနေလေသည်။ အဆိုပါ တန်ခိုးကြီး ရှေးဟောင်းပေါ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှစ်ဆူသည်သီတင်းသုံး ကိန်းဝပ်တော်မူရာ သိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅)မိုင်ကျော်ခန့် ကွာဝေးသော နေရာတွင်တည်ရှိပြီး ဂုံးချိန်ကျေးရွာနှင့်မူ (၂)ဖာလုံခန့်သာ ဝေးလေသည်။ ထို တန်းခိုးကြီးရှေးဟောင်း ရုပ်ပွားတော်မြတ်နှစ်ဆူ၏ ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တစ်ရက်နေ့တွင်သာ ပြုလုပ်ကျင်းပလေ့ ရှိပေသည်။ ဤကဲ့သို့ သင်္ကြန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကားမရှိသလောက် အလွန်ပင်ရှားလှပေသည်။