ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ရသေ့တောင်မြို့နယ်တွင် နှစ်စဉ် ကျင်းပသည်။ နတ်နဂါးများနှစ်စဉ်လာရောက်ဖူးမြော်သည်ဟု ဒေသခံများယုံကြည်ကြသည်။
ရခိုင်ပြည်နယ်၏အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့ နယ် မုန်စဲကျွန်းရှိ မြတ်ဗုဒ္ဓ၏ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို ၁၃၇ဝပြည့်နှစ် ပြာသိုလဆန်း ၁၄ရက်မှ လပြည့်နေ့အထိ (၂၀၀၉ခုနှစ် ဇန်နဝါရီ ၉ရက်မှ ၁ဝရက်ထိ)ကျင်းပခဲ့ရာ ယခုပွဲတော်ရက်တွင်လည်း ယခင်နှစ်များကဲ့သို့ နတ်နဂါးများလာရောက်ပူဇော်သည့် ထူးခြားမှုကို ပွဲတော်လာသူများ ကြုံတွေ့ခဲ့ရသည်။
ဒေသခံအများစုမှာ ထိုကဲ့သို့ပင်နှစ်တိုင်းပွဲတော်ရက်များအတွင်း ထူးခြားမှုများရှိသည်။ ဖြစ်ပေါ်တတ်သည်ဟု ယုံကြည်ထားခြင်းနှင့် ပတ်သက်ပြီး ``နှစ်တိုင်းပဲအဲလိုမျိုး နတ်နဂါးတွေ လာဖူးမြော်တာကို ကြုံတွေ့ရသလိုပဲ။ ကင်းမလက်မည်းတွေလာဖူးတာကိုလည်း တွေ့ရတယ်။ အဲလိုပဲ မြွေရဲ့ခေါင်းပေါ်မှာ ဖားကရောက်ပြီး လာဖူးမြော်တာကိုလည်း တွေ့ရတယ်၊ လူတွေကို ဘာမှအန္တရယ်မပြုဘူး´´