Showing posts with label လေးမျက်နှာပုထိုးတော်ကြီး (မြောက်ဦး). Show all posts
Showing posts with label လေးမျက်နှာပုထိုးတော်ကြီး (မြောက်ဦး). Show all posts

လေးမျက်နှာပုထိုးတော်ကြီး (မြောက်ဦး)

လေးမျက်နှာပုထိုး​တော်ကြီးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အထင်ကရပုထိုး​တော်တစ်ဆူ ဖြစ်သည်။ ထုက္ကံသိမ် ပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။ မြို့တည်ဘုရား ငါးဆူ အနက် တစ်ပါးအဝင်ဖြစ်သည်။ ဤပုထိုး​တော်ကိုမင်း​စောမွန်ဘုရင်က ​ကောဇာ ၇၉၂ ခု ခရစ် ၁၄၃၀၌ တည်ထားခဲ့သည်။ မင်း​စောမွန်အား မြောက်ဦးမြို့တည် မင်းတရားအဖြစ် အရပ်​လေးမျက်နှာ၌ ရှိကြသော တိုင်းပြည်တို့အား သိ​စေခြင်းငှာ အရပ်​လေးမျက်နှာသို့ မုခ်​လေးခု ဖွင့်လှစ်တည်​ဆောက်ခဲ့သည်။ ထို့ကြောင့် မုခ်​လေးတန်ပုထိုးဟုလည်း ​ခေါ်သည်။ ဤပုထိုးမှရ​သော ဌာပနာဖုံး ကျောက်ပြားတစ်ချပ်၌ ကျောက်စာ များ​ရေးထိုးပါရှိသည်။ သို့​သော် သက္ကရာဇ် ၇၉၂ ခု ဟူ​သော စာကြောင်းမှအပ ကျန်စာကြောင်းများ မှုန်ဝါးကာ ဖတ်မရ​တော့​ပေ။ ​လေးမျက်နှာဘုရားတံတိုင်းထဲ၌ ပိဋကတ်တိုက်တစ်လုံး တည်ရှိခဲ့သည်။

Le Myet Hna Temple - Mrauk U