Showing posts with label ရွှေမဉ္ဇူဘုရား (အင်းတော်ကြီးအိုင်). Show all posts
Showing posts with label ရွှေမဉ္ဇူဘုရား (အင်းတော်ကြီးအိုင်). Show all posts

ရွှေမဉ္ဇူဘုရား (အင်းတော်ကြီးအိုင်)

ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးအိုင်၏ အနောက်ဘက်ကမ်းခြေမှ ပေ ၁၅၀ဝ အကွာ၊ လင်းလုံသဲသောင်စွယ်ပေါ်တွင် ကိန်းဝပ်တော်မူလျက် ရှိသည်။ ဘုရားပွဲတော်မှာ အနီးစပ်ချုပ်ကျေးရွာများနှင့် ရပ်ဝေးမှဧည့်သည်များဖြင့် အထူးစည်ကားလေ့ရှိသည်။



သမိုင်းကြောင်း
အင်းတော်ကြီးဘုရားသမိုင်း သုတေသီများ အဆိုအရ ဂေါတမမြတ်စွာဘုရားသည် နာဠာဂီရိတောင် (ဆင်ခေါင်းတောင်)ပေါ်၌ ရပ်တန့်တော်မူကာ "နောင်သော်အခါ အင်းကြီး ဖြစ်တည်မည်၊ ငါဘုရားရှင်၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်သော ဘုရားစေတီများ ပေါ်ထွန်းမည်"ဟု မိန့်ကြားတော် မူခဲ့ကြောင်း သိရသည်။