Showing posts with label စန္ဒမုနိဆင်းတုတော်(မြောက်ဦး). Show all posts
Showing posts with label စန္ဒမုနိဆင်းတုတော်(မြောက်ဦး). Show all posts

စန္ဒမုနိဆင်းတုတော်(မြောက်ဦး)

စန္ဒမုနိဆင်းတုတော်သည် တတိယ ဓညဝတီခေတ်တွင် ဘုရင် သူရိယစက္ကမင်း မှ သွန်းလောင်း ကိုးကွယ်ခဲ့သော ဆင်းတုတော်တစ်ဆူ ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

စန္ဒမုနိဆင်းတုတော်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ အနောက်တောင်ဘက် ယခင်က ဗန္ဒုလကျောင်းဟုခေါ်ဆိုသော ယခုစန္ဒမုနိဘုရားကြီးကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည်။

အတိုင်းအတာများ[ပြင်ဆင်ရန်]

  • ဉာဏ်တော် ၄ ပေ ၁၀ လက်မ
  • ဒူးစွန်းနှစ်ဘက်အကျယ် ၄ပေ ၈ လက်မ
  • ခါးလုံးပတ် ၄ ပေ ၁ လက်မ
  • လက်မောင်းတော်လုံးပတ် ၁ ပေ ၁၁ လက်မ
  • ပခုံးတော်အကျယ် ၂ ပေ ၁၀ လက်မ
  • ရင်အုပ်တော် ပတ်လည် ၅ ပေ ၁၀ လက်မ
စန္ဒမုနိဆင်းတုတော်သည် ပဉ္စလောဟာ ခေါ် သတ္တုငါးမျိုး ရောစပ်သွန်းထားခြင်းဖြစ်သည်။ အချိုးညီစွာရောစပ်သွန်းလုပ်ထား၍ ရောင်ခြည်တော်ကွန့်မြူးခြင်းဖြစ်သည်။