Showing posts with label တောင်ကွဲစေတီတော် (လွိုင်ကော်). Show all posts
Showing posts with label တောင်ကွဲစေတီတော် (လွိုင်ကော်). Show all posts

တောင်ကွဲစေတီတော် (လွိုင်ကော်)


ကယားပြည်နယ်၏ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ တောင်အရပ်တွင် တည်ရှိသည်။ ရှေးယခင်က မင်္ဂလာတောင်တော် ဟုလည်းခေါ်ဆိုခဲ့သည်။ ကယားဘာသာဖြင့် "ဖော်မြဲ"၊ မြန်မာဘာသာဖြင့် "တောင်ကွဲ"၊ ရှမ်းဘာသာဖြင့် "လွိုင်ဖာဖတ်"ဟု တွင်သည်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ ရှိသည်။
ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းတွင် စေတီတော် တစ်ဆူစီ တည်ထားသည်။
ပြည်လုံးချမ်းသာ စေတီတော်၊
ရွှေယပ်တောင် စေတီတော်၊
ရွှေရင်အေး စေတီတော်၊
ကျောက်သမ္ဗာန် စေတီတော်၊
အောင်တော်မူ စေတီတော်၊
ဆုတောင်းပြည့် စေတီတော်၊
အောက်ကျိုက်ထီးရိုး စေတီတော်မြတ်၊
အထက်ကျိုက်ထီးရိုး စေတီတောမြတ်၊
ရွှေပြည်အေး စေတီတော်မြတ် တို့ ဖြစ်သည်။