မြန်မာစကားပုံများ (က မှ အ)

 က

၁. “ကြက်ကန်း ဆန်အိုးတိုး”

၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”

၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”

၄. “ကိုယ်ထင် ကုတင်ရွှေနန်း”

၅. “ကျွဲပါး စောင်းတီး”

၆. “ကတုံးပေါ် ထိပ်ကွက်”

၇. “ကျေးဇူးရှိမှ ကျေးစွပ်”

၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”

၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”

၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”

၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”

၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”

၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”

၁၄. “ကျီစားသန်က..ရန်များ၏”

၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”

၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”

၁၇. “ကံကိုယုံတော့..စုံလုံးကန်း”

၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”

၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”

၂၀. “ကျားရှေ့...မှောက်ရက်လဲ”

ဟန်လင်းမြို့ဟောင်း

Photo credit: Ninjastrikers

ဟန်လင်း (ဟလင်းကြီး)မြို့ဟောင်း သည် စစ်ကိုင်းတိုင်းဒေသကြီး (ယခင်ရွှေဘိုခရိုင်) ဝက်လက်မြို့နယ် အတွင်း၌ ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မန္တလေးမှ မြစ်ကြီးနားသို့သွားသော မီးရထားလမ်းပေါ်ရှိ မုဆိုးချုံဘူတာရွာမှ အရှေ့ဘက် ငါးမိုင်ခွဲခန့် ကွာဝေး၍ ကျောက်လမ်းဖြင့် ဆက်သွယ်ထားသည်။ ဟန်လင်းမြို့ဟောင်းသည် ယခုခေတ် ဟန်လင်းကြီးရွာ၏ မြောက်ဘက် နှစ်ဖာလုံခန့် အကွာတွင် ရှိသည်။

ကျုံးနှင့် မြို့ရိုးပတ်ရံလျက်ရှိသော ဟန်လင်းမြို့ဟောင်းသည် တစ်ကြိမ်က ကြီးကျယ်ခမ်းနားစွာ ထွန်းကား ခဲ့သော မြို့ကြီးတစ်မြို့ဖြစ်ကြောင်း သိသာလေသည်။ မြို့ရိုး၏တောင်မြောက် အလျားမှာ နှစ်မိုင်နီးပါးမျှရှိ၍ အရှေ့အနောက် အနံမှာ တစ်မိုင်ကျော်မျှ ရှိလေသည်။ သို့သော် ကာလကြာမြင့်ပြီဖြစ်၍ အုတ်မြို့ရိုးမှာ မထင်မရှား ကုန်းတန်းမို့မို့သာ ကျန်ရှိတော့၍ ကျုံးမှာလည်း လုံးဝကောလျက် ရှိချေသည်။ ထိုမြို့ရိုး၏ အတွင်းပိုင်းအလယ်ဗဟိုမှ အရှေ့တောင်ယွန်းယွန်းနေရာတွင် နန်းတော်ကုန်းဟု ခေါ်စမှတ်ပြုသောနေရာ ရှိ၏။ ထိုနန်းတော်ရာသည်လည်း ရှေးက အုတ်မြို့ရိုး ကာရံလျက်ရှိရာ ယခုအခါ မြေမို့မို့ကိုသာ တွေ့ရတော့သည်။ စတုရန်းပုံရှိသော အတွင်းမြို့ရိုး၏ အနံမှာ ပေ ၁၄ဝဝ ခန့် ရှည်လေသည်။

သရေခေတ္တရာ

သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။

သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တပေါင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှ ကောက်နုတ်ဖော်ပြချက်တွင် သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားသည်။ သရေခေတ္တရာပျူမြို့ဟောင်းသည် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျသော အဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များ စသည်တို့ကို တွေ့ရှိရ သည်။ မြို့ရိုးသည် (၈ မိုင် ၈ ဖာလုံ) ရှိ၍ ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်း၏။
 
သီရိခေတ္တရာ (ဝါ) မှော်ဇာပြတိုက်အတွင်း ထူးထူးခြားခြားဖော်ပြထားသည်မှာ ပျူစာ ခင်ဘရွှေပေချပ်ဆိုင်ရာ ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များမှာ အချိန်ယူ၍ကြည့်လေ ရှုမငြီး နိုင်လေဖြစ်၏။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရပါသည်။ ပြည်မြို့အနီး မှော်ဇာရွာ တွင်တည်ရှိသည်။ (ပြည်ပေါက်ခေါင်းလမ်း ဘေး) မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။ သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ထိုသို့ပကတိတူးဖော်တွေ့ရှိမှုများကြောင့် ရှေးဟောင်းကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့တွင် (၃၈) ကြိမ်မြောက် ကုလ သမဂ္ဂဆိုင်ရာ ယူနက်စကိုအဖွဲ့မှ ကြေညာခဲ့သည်။

တည်နေရာ
သရေခေတ္တရာ မြို့ဟောင်းနေရာသည် ယခုပြည်မြို့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ မှော်ဇာရွာတွင်တည်ရှိသည်။ ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးသည် စက်ဝိုင်း မကျတကျဖြစ်၍ တောင်မြောက် (၂)မိုင်ခွဲခန့်နှင့် အရှေ့အနောက်(၂)မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက် မြို့ရိုးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြိုဟောင်းအတွင်း၌ ယခုအခါရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်း၌မူ လယ်ကွက်များ ပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ဗဟိုနေရာမှ အရှေ့ မြောက်ယွန်းယွန်းတွင် တည်ရှိသည်။