ရွှေအင်းတိန် ဘုရား သည် ကမ္ဗောဇပြည် (ခေါ်) ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခု အင်းတိန်ရပ် - အင်းလေးမှာ ဖြစ်သည်။ ဘုရားများက ရှေးလက်ရာတွေ မပျက်စီးဘဲ တော်တော်လေး ကျန်နေသေးသည်။ ဘုရားစေတီပုံစံများသည် မွေတော်ကက္ကူမှ ဘုရားပုံစံများနှင့် ဆင်တူသည်။ ရွှေအင်းတိန် ဘုရားများသည် ထိန်းသိမ်းရန် များစွာလိုအပ်နေပါသေးသည်။ အင်းတိန်လှေဆိပ်၊ Art Galleryများ၊ Souvenir Shop များ၊ ရွှေအင်းတိန်ဈေး၊ အင်းတိန်မူလတန်းလွန်ကျောင်း စသည်များ ရှိသည်။
အရံစေတီတော်ပေါင်းက ၁၀၅၄ဆူ ရှိပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက် ကတော့ ၄၀၃လုံးရှိသည်။ အရှည် ၃.၃ဖာလုံရှိသည်။ ဘုရားကြီးရဲ့ နယ်နိမိတ်သည် အရှေ့ဘက်တွင် ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း။ အရှေ့တောင်တွင် သရက်မောင်နှမ။ တောင်ခြားတွင် - ချောင်းချောက်ကြီး ပျားစွဲတော်။ အနောက်ခြားတွင် - ဆင်ရုပ်ညောင်စည်။ အနောက် မြောက်မှာ စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း။ မြောက်ဘက်မှာ - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်တွင် - အင်းရေပြင် ကျောက်ခြံ တို့ ဖြစ်ကြပါသည်။ အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်သည်။ ယခုကျွန်သီးတော်တွေကား လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက် ဖြစ်သည်။
သမိုင်းကြောင်းအကျဉ်း[ပြင်ဆင်ရန်]
သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့သော ဒါယကာသည် ပါဋလိပုတ် ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးဖြစ်သည်။ သာသနာ နှစ် (၂၀၀)ကျော်ကျော်လောက်တွင် ဘုရားရှင်၏ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် ပြုပြင်တော်မူတဲ့ မင်းကတော့ အနော်ရထာမင်းဖြစ်သည်။ ထိုအချိန်တွင် ဘုရားကို ထပ်ဆင့်တည်၍ ဝတ်မိုးမြေ အရံစောင့် ကျွန်းသီတော် လှူတော်မူသတည်း။
၎င်းနောက် ထပ်မံပြီး ပြုပြင်သော မင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင် နဲ့ ဆင်ဖြူရှင် မင်းတရားကြီးတို့ ဖြစ်ပါသည်။ [၁]