ရွှေဂူကြီးဘုရား

ရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းကြီး AD 1131(12 Century )တွင်တည်ထားကိုးကွယ်သည်။ အလောင်းစည်သူမင်းသည်ထီးနန်းဆက်ခံပြီးနောက် ရဟန်းသံဃာများနှင့်တိုင်ပင်ကာ နန်းတော်၏အစွန်းထိပ်တွင်စေတီတည်ကာ ရွှေဂူကြီးဘုရား(သို့)နန်းဦးဘုရားဟု အမည်ပေးခဲ့သည်။တည်ထားချိန်သည် ၇လ သာကြာမြင့်ခဲ့သည်။ ဘုရားဝတ်ပြုရာတွင်လည်းကောင်း ၊ စာကြည့်တိုက်အဖြစ်လည်းကောင်း အသုံးပြုသည်ဟု ယူဆရသည်။ အတွင်းလှေကားမှတက်၍ ပုဂံမြို့၏စေတီပုထိုးပေါင်များစွာကို ထင်ရှားစွာမြင်နိုင်ပါသည်။ အလောင်းစည်သူူမင်း ပထမဆုံးတည်သောဘုရားဖြစ်သောကြောင့် ရွှေဂူဒါယာကာ ဟုခေါ်ကြသည်။ ရွှေဂူကြီးဘုရားတွင် အင်္ဂတေဖြင့်ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူးပန်းဆွဲ၊ မုခ်တံကဲ၊ စဉ့်ကွင်းအချို့နှင့် နံရံပေါင်းကူးများကိုလေ့လာနိုင်ပါသည်။ အလောင်းစည်သူမင်း၏သားတော် နရသူသည် ဖခင်မကျန်းမမာဖြစ်နေစဉ် ရွှေဂူကြီးဘုရားသို့ရွှေ့ပြောင်းထားပြီး နောက်ပိုင်းတွင် သားဖြစ်သူ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ရွှေဂူကြီးဘုရားအတွင်းတွင်နတ်ရွာစံခဲ့ရသည်။ သားတော်နရသူမှာ ဖခင်အလောင်းစည်သူမင်းနှင့်မိခင်မိဘုရား ရတနာပုံတို့မှ ဖွားမြင်သူဖြစ်သည်။ နရသူမင်းသည်ဒေါသအမြက်ကြီး၍ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း ရာဇဝင်ကျမ်းများမှာဖော်ပြကြသည်။ ရွှေဂူကြီးဘုရားအတွင်းလေးမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော်လေးဆူရှိသည်။ နံရံဆေးရေးပန်းချီမျာမှာ ရှေးအယူအဆအရ ထုံးသင်္ကန်းများကပ်သဖြင့် မှေးမှိန်သွားပါသည်။