- စေတီပုထိုးအမှတ်=၁၅၃၆
ရွှေဆံတော် စေတီသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ အေဒီ ၁၀၅၇ ရွှေဆံတော် စေတီကို အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ဆံတော်ရရှိလာပုံ[ပြင်ဆင်ရန်]
ဥဿာ ပဲခူးပြည်သို့ ဂျွမ်း(ခမာ) စစ်သည်များ တိုက်ခိုက်လာသည့်အခါ ဥဿပဲခူးမင်းသည် အနော်ရထာမင်းကြီးထံ စစ်ကူတောင်းခဲ့သည်။ ဂျွမ်းစစ်သည်တို့ကို အောင်မြင်သောအခါ ဥဿာမင်းက ရှေးမင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဆံတော်ဓာတ်တစ်ဆူကို အနော်ရထာမင်းထံ ဆံသလိုက်သည်ဟု သမိုင်းအစဉ်အလာ အဆိုရှိသည်။
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် လင်းလွန်ပင်ရင်း၌ သီတင်းသုံးနေစဉ် ကုန်သည် တဖုဿနှင့် ဘလ္လိကညီနောက်တို့က ပျားမုန့်ဆွမ်းကို ကပ်လှူကာ ဆံတော်ဓာတ် ရှစ်ဆူကို မြန်မာပြည်သို့ ပင့်ဆောင်လာခဲ့သည်။ ယခုဆံတော်ဓာတ်သည် ယင်းအနက်မှ တစ်ဆူ ဖြစ်သည်။ သရေခေတ္တရာပြည် ရသေ့မြို့၌ ဆံတော်လေးဆူကို ဌာပနာခဲ့သည်။ သရေခေတ္တရာပြည် ပျက်သော် ရာမညတိုင်း မွန်မင်းတို့သည် သရေခေတ္တရာစေတီမှ ဆံတော်ဌာပနာများကို ပင့်ယူ၍ အချို့ကို ဘုရားမှာ ဌာပနာသည်။ တစ်ဆူကိုမူ ရတနာပန်းတောင်းတွင် ထည့်၍ ထို့မှ အနော်ရထာမင်းထံ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]
အနော်ရထာမင်းတည်ထားသော ကောင်းမှုတို့အနက် ရွှေဆံတော်စေတီသည် ရှေးအကျဆုံး စေတီလက်ရာ ဖြစ်သည်။ ထိုနောက် စေတီတည်ဆောက်ပုံသည် တဖြည်းဖြည်း ဖွံဖြိုးလာရာ ရွှေစည်းခုံ စေတီတော်တည်သည့်အချိန်တွင် စေတီအင်္ဂါ ပြည်စုံလာလေသည်။ ရွှေဆံတော်စေတီတော်ကို စတုရန်းလေးထောင်ပုံ ပစ္စယာ ငါးဆင့်တက်၍ တည်ဆောက်သည်။ စေတီမျက်နှာ အလယ်၌ နတ်လှေကားများ တပ်ဆင်ထားသည်။ ပစ္စယာများမှာ စောက်သည်။ စေတီပုံမှာ အထက်မြင့်တက်ဟန်ရှိ၍ ထုထည်ကိုယ်နှင့်စာသော် စေတီအထက်ပိုင်းမှာ ခပ်ဝပ်ဝပ်ဖြစ်နေသည်။ ပစ္စယာငါးဆင့် အထက်၌ ရှစ်ထောင့်ကြဝန်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည်တို့ဖြင့် ဝန်းဝိုင်းရှူးတက်ကာ အထွဋ်၌ ထီးတင်ထားသည်။
တစ်ချိန်က ပစ္စယာများတွင် ငါးရာ့ငါးဆယ်ဇာတ်အုတ်ချပ်များ တပ်ဆင်ခဲ့သည်။ ယင်းတို့အနက် မပျက်မစီး ကျန်ရှိနေသေးသည့် အုတ်ချပ်အချို့မှာ ပုဂံ၌တွေ့သမျှ အုတ်ချပ်များတွင် ရှေးအကျဆုံးဟု ယူဆကြသည်။ ပစ္စယာများ၌ ထောင့်စေတီများတည်ဆောက်ခဲ့ခြင်း မရှိပဲ ထိုနေရာတွင် မဟာဝိနာယကဂနသျှ ခေါ် ဆင်ဦးခေါင်းရှိ ဟိန္ဒူ မဟာပိန္နဲနတ်ရုပ်များ ရှိခဲ့ကြောင်း စေတီအောက်တွင် တွေ့ရသော အကျိုးအပဲ့များအရ သိရသည်။ ထို့ကြောင့် ရွှေဆံတော်စေတီကို မဟာပိန္နဲစေတီဟုလည်း အချို့က ခေါ်ကြသည်။[၁]