အေဒီ ၁၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။[၁] ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။
မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်။
မြစေတီကျောက်စာ[ပြင်ဆင်ရန်]
ပုဂံမြို့တောင်ဖက်၊ မြင်းကပါရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။
ကျောက်စာတိုက် နှစ်တိုက်[ပြင်ဆင်ရန်]
မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြတိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။ မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ ဂူပြောက်ကြီးလိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။
ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်သည် လေးထောင့်မတ်ရပ် ကျောက်စာတိုင်ဖြစ်၍၊ လေးဖက်စာမျက်နှာပြင် အကျယ်ချင်းညီ၏။ အမြင့် ၅ ပေ ၁၁ လက်မ၊ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်ခန့် ရှိ၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄၁၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၉၊ မွန်စာမျက်နှာတွင် စာကြောင်းရေ ၃၃ နှင့်ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၆ အသီးအသီး ပါဝင်ရေးထိုးထားသည်။ မြစေတီရင်ပြင်ပေါ်၌ ရှိသော ကျောက်စာတိုင်မှာမူကား မတ်ရပ်လေးထောင့် ကျောက်တိုင် ဖြစ်ငြားသော်လည်း၊ ကျောက်စာမျက်နှာပြင် ၂ ဖက်သည် ပိုမိုကျယ်ပြန့်လျက်၊ ကျန် ၂ ဖက်မှာ ကျဉ်းသည်။ အကျယ်ဖက် ၂ ဖက်တွင် ၁ ပေ ၈ လက်မခန့် ရှိ၍အကျဉ်းဖက်၌ ၁ဝ လက်မခွဲမှ ၁၂ လက်မအထိသာ ရှိသည်။ အကျယ်မျက်နှာပြင်ဖက်၌ စာမျက်နှာပြင် ၄ ပေ ၄ လက်မခန့် ရှိ၍၊၁ ပေ ၇ ၁/၂ လက်မ ကျယ်ပြန့်လေသည်။ အကျယ်ဖက်တွင် ပါဠိနှင့် မြန်မာစာများကို ရေးထိုး၍ အကျဉ်းဖက်တွင် မွန်နှင့်ပျူစာများကိုရေးထိုးထား၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄ဝ၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၄၊ မွန်စာမျက်နှာတွင်စာကြောင်းရေ ၄၆ နှင့် ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၉ အသီးအသီး ရေးထိုးထားလေသည်။
မြစေတီကျောက်စာကို ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်အမည်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင်သော်လည်းကောင်း၊ နောက်တစ်နှစ်ဖြစ်သော ၄၇၅ ခုနှစ်၌သော် လည်းကောင်း ရေးထိုးသည်ဟု ယူဆကြလေသည်။ ကျန်စစ်သားသည် အနော်ရထာမင်း၏ အမျက်တော်ကြောင့် ကြောင်ဖြူအရပ်၌ ပုန်းရှောင်နေစဉ် မထီးတူမ သမ္ဘူလနှင့်တွေ့၍ မယားအဖြစ်သိမ်းယူလေ၏။ အနော်ရထာမင်းကွယ်လွန်၍ စောလူးမင်းနန်းတက်သောအခါ ကျန်စစ်သားသည် ရာဇကုမာရ်ကို ပဋိသန္ဓေတည်နေသော သမ္ဘူလအား သားယောက်ျားမွေးသော် ပုဂံပြည်သို့ လာခဲ့ဟု မှာ၍ စောလူးမင်းထံ ခစားလေသည်။ စောလူးမင်း ကွယ်လွန်တော်မူသောအခါ သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ကျန်စစ်သားသည် ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်ဘွဲ့နှင့် နန်းတက်တော်မူသည်။ ၂ နှစ်ကြာလတ်သော် သမ္ဘူလသည် နန်းတော်သို့ ရာဇကုမာရ်နှင့် ရောက်လာ၏။ မင်းကြီးလည်း သမ္ဘူလအား ဦးဆောက်ပန်းဟူသော တြိလောကဝဋံသကာ ဒေဝီအမည်နှင့် မိဖုရားမြှောက်လေသည်။ မြေးတော် အလောင်းစည်သူကို ဘိသိက်သွန်းပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဇေယခေတ္တရာဘွဲ့နှင်း၍ ဓညဝတီ တောင်စဉ်ခုနစ်ခရိုင်ကို စားစေ၏။ ရာဇကုမာရ်မင်း သားသည် ၄၇၄ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်၍ သေအံ့မူးမူး၌ ခမည်းတော်အတွက် ရည်စူးလျက် ရွှေဆင်းတုဘုရားကို ဌပနာ၍ ရွှေအထွတ်ရှိသော ကူဘုရား (ဂူပြောက်ကြီး) ကိုတည်ပြီးလျှင်ထိုကူဘုရားအား စောင့်ရှောက်ပူဇော်စိမ့်သောငှာ မိမိ၏ အမွေအနှစ် ဖြစ်သော ကျွန်သုံးရွာကိုလည်း လှူလေသည်။ ထိုနောက် အမိအဖတို့၏ ရှေးဖြစ် ရှေးဟောင်းတို့ကို ပြန်ပြောင်းအောက်မေ့ကာ မှတ်တမ်း ရေး၍ ကျောက်စာတိုင် စိုက်ခဲ့လေသည်။ မြစေတီကျောက်စာတိုင်၌ အက္ခရာများ၏ ပုံမှာ အဝိုင်းမဟုတ်ဘဲ မန်ကျည်းစေ့ပုံ ဖြစ်လေသည်။
"၁။ ၐြီ။ နမောဗုဒ္ဓါယ။ ပုရှာသွင် သာသနာအနှစ်တ
၂။ စ်ထောင်ခြောက်ရျာ နှစ်ဆာယ် ဟေတ်နှစ်လောန်
၃။ လိယ် ဗြီရကာ။ ဤယ် အရိမဒ္ဒနပုရ် မည်သုပြည်
၄။ နှိုက်အာ။ ဂြီတြိဘုဝနာ ဒိတျ ဒမ္မရာဇ် မည်သုမ
၅။ င်ဖစ်ဧအ်။" ဟူ၍ အစချီသော မြစေတီ ကျောက်စာကို ယခုခေတ်အရေးအသားဖြင့် ပြန်လည် ရေးသားပါက အောက်ပါအတိုင်း ဖြစ်၏။
- သီရိ။ နမောဗုဒ္ဓါယ၊ ဘုရားသခင် သာသနာ အနှစ်တ
- စ်ထောင်ခြောက်ရာ နှစ်ဆယ်ရှစ် နှစ်လွန်
- လေပြီးရကား၊ ဤအရိမဒ္ဒနာပုရ်မည်သောပြည်
- ၌၊ သီရိတြိဘုဝနာဒိတျ ဓမ္မရာဇ်မည်သောမ
- င်းဖြစ်၏။ ထိုမင်း၏ ပယ်မယားတ
- စ်ယောက်သော်ကား တြိလောကဝဋံသကာ ဒေဝီ
- မည်၏။ ထိုပယ်မယားသားတမူလည် ရာဇ
- ကုမာရ်မည်၏။ ထိုမင်းကာ ကျွန်သုံးရွာ
- တည်း ပယ်မယားအားပေး၏။ ထိုပယ်မ
- ယားသေခဲ့ရကား၊ ထိုပယ်မယားတန်းဆာနှင့် ထို
- ကျွန်သုံးရာသောနှင့်တည်း ထိုပယ်မယား
- သား ရာဇကုမာရ်မည်သောအား မင်းပေးတုံ
- ၏။ ထိုမင်းအနှစ်နှစ်ဆယ်ရှစ်နှစ် မင်းမူပြီး၍
- သေခမူနာသရော၌တည်း ထိုရာဇကု
- မာရ်မည်သော ပယ်မယားသား မိမိကိုမွေးသောမင်း
- ကြီးကျေးဇူး အောက်မေ့ရကား ရွှေအတိသော ဘုရားသခင်အ
- ဆင်းပြု၍ နှပ်လေသရောတည်း ဤသို့
- မိန့်၏။ ဤရွှေဘုရားကား ငါ့သခင်အဖို့ အတို့
- ကျွန်ပြုသောတည်း။ ကျွန်သုံးရွာအတို့ကျွန်
- ငါ့သခင် ပေးသည်ကား ဤရွှေဘုရားအားအတို့ကျွန်
- ပေး၏။ ထိုရောတည်မင်း နှစကျို့ရကား ကောင်း
- လှေင့်တည်း ကောင်းလှေင့်တည်း မိန့်၍ သင်ဂြီ
- မဟာခေရ်၊ သင်ဂြီမုဂ္ဂလိပုတ္တတိဿထေရ်၊ သင်ဂြီသု
- မေဓပဏ္ဍိတ်၊ သင်ဂြီဗြဟ္မပါလ်၊ သင်ဂြီဗြဟ္မဒိ
- ပ်၊ သင်ဂြီသောန်၊ သင်ဂြီသဃ‡သေနဝရပဏ္ဍိ
- တ်ထိုသခင်တို့အမှောက်တည်း ရေသွန်း၏။
- ထိုပြီးရကား ထိုရာဇကုမာရ်မည်သော ပယ်မယားသား
- ထိုရွှေဘုရားထာပနာ၍ ရွှေအထွတ်မူသော
- ကူပြု၏။ ပြုပြီးရကား ဤကူဘုရားလွှတ်
- သရော၌တည်း သက်မုနလွန်တစ်ရွာ၊ ရပါ
- ယ်တစ်ရွာ၊ ဟေန်ဗိုဝ်တစ်ရွာ၊ ဤကျွန်
- သုံးရွာကို ယူ၍၊ ထိုရာဇကုမာရ်မည်သော ပယ်
- မယားသား ဤကူဘုရားအား ရေသွန်း၍ ဤသို့
- မိန့်၏။ ဤငါ့အမှုကား သဗ္ဗညုတဉာ
- ဏ်ပညာရအံ့သော အကြောင်းဖြစ်စေသတည်း၊ ငါ့
- နောင်အား ငါ့သားလည်းကောင်း၊ ငါ့မြေးအာလည်းကောင်း၊ ငါ့ဆွေ
- လည်းကောင်း၊ သူတထူလည်းကောင်း၊ ဤဘုရား
- အား ငါလှူခဲ့သော ကျွန်အနှိပ်အစက်တည်းမူ မု
- ကား အရိမေတ္တေယျဘုရားသခင် အဖူးရစေ။
မြစေတီကျောက်စာပါ စကားပြေသည် ရှေးအကျဆုံးဖြစ်သော စကားပြေတရပ်ဟု ဆိုသင့်ပေသည်။ သတ်ပုံသတ်ညွှန်း စကားအသုံးအနှုန်းတို့မှာ အချို့သောနေရာတွင် ယခုကာလနှင့်မတူဘဲ ကွာခြား၏။ သို့ရာတွင် ယခုကာလအသုံးနှုန်းသည် အများအားဖြင့် ရှေးရေးအသုံးအနှုန်းမှ ဆင်းသက်လာသည်ကို သတိမူရာသည်။ ဝါကျများကို တိုတိုနှင့် အဓိပ္ပါယ်ပေါ်ရုံ ရေးထား၍ ထိရောက်၏။ သတ်ပုံသတ်ညွှန်း တို့မှာ မြန်မာစာ အရေးအသား အစပျိုးချိန်ဖြစ်၍ ယခုခေတ်ကဲ့သို့ အသားမကျသေးချေ။ ပျူ၊ မွန်နှင့် ပါဠိဘာသာများဖြင့်ရေးထိုးသည်ကို ထောက်သော် ထိုခေတ်က မြန်မာလူမျိုး သာမက ပျူလူမျိုး၊ မွန်လူမျိုးတို့ ထွန်းကားလျက် ရှိပြီးဖြစ်ကြောင်း၊ မြတ်စွာဘုရား၏ မုခပါဌ်တော်ဖြစ်သော ပါဠိဘာသာ အရှိန်အဝါ ရပြီးဖြစ်ကြောင်းကို သိသာနိုင်ပေသည်။
တဖန် သမိုင်းဆိုင်ရာ အထောက်အထားအဖြစ် အသုံးဝင်အဖိုးတန်ပုံမှာ လည်း မြစေတီ ကျောက်စာတွင် တြိဘုဝနာဒိတျဓမ္မရာဇာခေါ် ကျန်စစ်သား မင်းသည် သာသနာနှစ် ၁၆၂၈ တွင် နန်းတက်သည်ဟု ဆို၏။ မြစေတီကျောက်စာသည် မူလရှေးဦးခေတ်ကမျက်မှောက် ရေးထိုးခဲ့သော ကျောက်စာဖြစ်ခြင်းကြောင့် မှန်ကန်သော အကိုးအကား အဖြစ်ယူနိုင်ကာ ကျန်စစ်သားမင်း၏ နန်းတက်သက္ကရာဇ်၊ နန်းစံသက္ကရာဇ်နှင့် နတ်ရွာစံသော သက္ကရာဇ်များကို အတိအကျ ထုတ်ဖော်နိုင်လေသည်။ ထိုကျောက်စာပါ သက္ကရာဇ်မှာ ဇာတာတော်ပုံပါ ရာဇဝင်သက္ကရာဇ်နှင့်လည်း တူညီတိုက်ဆိုင်သည်။ ထိုမှတစ်ဆင့် အနော်ရထာ၊ စောလူးနှင့် အလောင်းစည်သမင်းတို့၏ နန်းစံ သက္ကရာဇ်တို့ကိုပါ တွက်ချက်ထုတ်ယူနိုင်ပေသည်။ ထို့ပြင် ထိုမြစေတီ ကျောက်စာကို ပျူစာ၊ မွန်စာတို့ဖြင့် ရေးထိုးထားသည်ကိုတွေ့ရသော ကြောင့်လည်း မြန်မာစာနှင့် ယှဉ်ကာ၊ အဓိပ္ပါယ် ဖော်နိုင်ကြ၍ အထူးသဖြင့် ပျူစာကိုလေ့လာရာ၌ သဲလွန်စရနိုင်သဖြင့် နှောင်းပညာရှိတို့အတွက် အဖိုးထိုက်တန်လှသော ကျောက်စာ ဖြစ်ပေသည်။ ထို့အပြင် ရာဇကုမာရ်သည် ထီးနန်းစည်းစိမ်ကို မဆက်ခံရသော်လည် အမိအဖိ၏ ဂုဏ်ကျေးဇူးကို မည်မျှ သိတတ်ရိုသေ ကိုင်းရှိုင်းတတ်သော သားကောင်းရတနာ ဖြစ်ကြောင်း ဤမြစေတီကျောက်စာကို ဖတ်ရှုခြင်းဖြင့် သိသာနိုင်ပေသည်။[၂]
ပါဠိဘာသာ[ပြင်ဆင်ရန်]
ပါဠိဘာသာတွင် ယင်းကျောက်စာကို အောက်ပါအတိုင်း ဖတ်နိုင်သည်။
- ဂြီ ။ ဗုဒ္ဓါဒိကံ ဝတ္ထုဝရံ နမိတွာ ပုညံ ကတံ ယံ ဇိနသာ
- သနသ္မိံ အနာရိကံ ရာဇကုမာရ နာမဓေယျေန ဝက္ခာ
- မိ သုနာထ မေတံ။ နိဗ္ဗနာ လောကနာထဿ အဌဝီ
- သာဓိကေ ဂတေ သဟဿေ ပန ဝဿာနံ ဆသတေ ဝါပရေ တ
- ထာ။ အရိမဒ္ဒနနာမသ္မိံ ပုရေ အာသိ မဟဗ္ဗလော ရာဇာ
- တိ ဘုဝနာဒိစ္စော ဉဒိစ္စာ ဒိစ္စဝံသဇော။ တဿာ သေ
- ကာ ပိယာ ဒေဝိ သာ တိလောကဝဋံသိကာ ဟိ
- တေသီ ကုသလာ သဗ္ဗကိစ္စေသု ပန ရာဇိနော။ တ
- ဿ သေကော သုတော ရာဇကုမာရောနာမ နာမ ေ
- တာ အမစ္စော ရာဇကိစ္စေသု ဗျာဝတော သတိမာ
- ဝိဒူ။ အဒါ ဂါမတ္တယံ တဿာ ဒေဝိယာ သော မ
- ဟီပတိ ပသန္နော သဗ္ဗဒါ ဒါသ ပရိဘောဂေန ဘုည္ဇိတုံ။
- အနိစ္စတာ ဝသံ တဿာ ဂတာယ ပန ဒေဝိယာ ရာ
- ဇ ရာဇကုမာရဿ အဒါ ဂါမတ္တယံ ပုန။ အဌဝီသ
- တိ ဝဿာနိ ရဇ္ဇံ ဓမ္မေန ကာရိယ မာရနန္တိက ရောဂဿ
- ဝသံ ပတ္တေ နရာဓိပေ။ သရန္တော ဓမ္မရာဇဿ မဟန္တံ ဂု
- ဏသည္စယံ ကာရေတွာ သတ္ထုနော ဗိမ္ဗံ သဗ္ဗသောဝဏ္ဏ
- ယံ သုဘံ။ ဂဟေတွာ တံ မဟန္တေန သက္ကာရေန သုမာနသော
- ဥပသင်္ကမ္မ ရာဇာနံ အာဟ စိန္တိတမတ္တနော။ ဘာဝံ ကတွာ
- နိဒံ သတ္ထုဗိမ္ဗံ သောဝဏ္ဏယံ သုဘံ အကာသိံ ဝေါ ဝ
- ရံ ပုညံ သာမိ တုမှေ နူမောဒထ။ ဂါမတ္တယံ ပိ ဝေါ
- သာမိ ပုဗ္ဗေ ဒိန္နန္တု မေ အဟံ ဣမဿေဝ မုနိန္ဒဿ ဒေမိ တ
- ည္စာ နူမောဒထ။ ဧဝံ ဝုတ္တေ မဟီပါလော ရောဂေ
- နာတုရမာနသော သာဓု သာဓူတိ ဝတွာန တုဌဟတ္ထော
- ပမောဒိတော။ ဒယာ ပရော မဟာထေရော ထေရော မုဂ္ဂလိ
- ပုတ္တကော သုမေဓတ္တ သုမေဓောတိ လဒ္ဓနာမော စ ပဏ္ဍိတော
- ဗြဟ္မပါလော တထာ ဗြဟ္မဒေဝေါ သမ္ပန္နသီလဝါ သော နော
- ဗဟုဿုတော သံဃသေနဝှေါ ဝရပဏ္ဍိတော။ ဧတေသံ ပ
- န ဘိက္ခူနံ သံမုခါ သော သုမာနသော ဇလံ ပါတေသိ ကတွာန သ
- က္ခိန္တု ဝသုဓါတလံ။ တတော သော တံ မဟာမစ္စော ဗိမ္ဗံ သောဝ
- ဏ္ဏယံ သုဘံ ပတိဌာပိယ ကာရေသိ ဂုဟံ ကည္စနထူပိကံ။
- ကတွာန မင်္ဂလံ ဗုဒ္ဓပတိမာယ ဂုဟာယစ အကာသေဝံ ပဏီ
- ဓာနံ နိဗ္ဗိန္နော ဘဝသင်္ကတေ။ ကရောန္တေန မယာဧတံ ယံ ပု
- ညံ တံ သမာစိတံ ဟောတု သဗ္ဗညုတညာဏ ပတိဝေဓာ
- ယ ပစ္စယော။ ယတ္တကာ တု မယာ ဒါသာ ဂါမတ္တယနိဝါ
- သိနော ဒိန္နာ ဂုဟာယ သောဝဏ္ဏပတိမာယ မဟေသိ
- နော။ ပုတ္တော မေ ပါ ပပုတ္တောဝါ အညော ဝါ ပန ညာ
- တကော ယော ကောစိ ပါပ သံကပ္ပေါ နရော အဿဒ္ဓ
- မာနသော။ ကရေယျုပဒ္ဒုဝံ တေသံ ဒါသာနံ သော နရာဓမော
- မေတ္တေယျ (မိတ္တိယျ) ဒိပဒိန္ဒဿ ဒဿနံ နာထိဂစ္ဆတူ
- တိ။