ငကျွဲနားတောင်းစေတီ

  • စေတီပုထိုးအမှတ် = ၁၆၀၃/၉၁၁
ငကျွဲနားတောင်းစေတီ သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည့် စေတီဖြစ်သည်။ ငကျွဲနားတောင်းစေတီကို ခရစ်(၁၀)ရာစုတွင် တောင်သူကြီးမင်း၊ အေဒီ(၉၃၁−၉၆၄) တည်ခဲ့သည်။ ငကျွဲနားတောင်းစေတီ၏ ပုံစံမှာ အခြေခံအားဖြင့် သရေခတ္တရာ၊ ပျူတို့တည်ခဲ့သည့် ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ စေတီပုံစံများနှင့် တူညီပြီး လုံးစောက်သော ပုံသဏ္ဌာန်ရှိကာ အောက်ခြေအုတ်ခုံ အဝိုင်းခံ၍ တည်ထားသည်။ ငကျွဲနားတောင်းစေတီသည် (၄၄)ပေ မြင့်ပြီး စေတီတစ်ခုလုံး စဉ့်စိမ်းရောင် သုတ်ထားသည်။
  • စေတီပုထိုးအမှတ်=၁၆၀၃/၉၁၁[၁]